ဆိုရွယ္မီဒီယာေခတ္ေရစီးေၾကာင္း — စုန္ေရ (သို႕) ဆန္ေရ

The Blink Agency
2 min readMar 12, 2019

ယေန႔ေခတ္ Social Media ေတြေပၚမွာ Trend ေတြ တစ္ခုၿပီး တစ္ခု အဆက္မျပတ္ျဖစ္ေနသလို ဒီစကားလံုးကလည္း လူတိုင္းနဲ႔ မစိမ္းေတာ့ပါဘူး။ Trend ဆိုတာကေတာ့ မေတာ္တဆပဲျဖစ္ျဖစ္၊ ရည္ရြယ္ခ်က္ရွိရွိပဲျဖစ္ျဖစ္ မည္သည့္ေနရာကမဆို ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာကို အခ်ိန္တိုအတြင္း လူအမ်ားက ႀကိဳက္ႏွစ္သက္ၿပီး ထပ္ခါထပ္ခါ ျပန္လည္အသံုးျပဳရာမွျဖစ္ေပၚလာပါတယ္။ Trend တစ္ခုေပၚလာတဲ့ အခါ လိုက္လုပ္ၾကတဲ့သူေတြရွိသလို၊ လိုက္လုပ္ၾကတဲ့ သူေတြေၾကာင့္လည္း Trend ဆိုၿပီး ျဖစ္လာတာပါ။

သာမန္လူေတြအတြက္ Trend ေတြကိုလိုက္လုပ္တာက ျပႆနာမရွိေပမယ့္ Agency ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ အတြက္ ေၾကာ္ျငာ က႑ မွာ အသံုးျပဳမယ္ဆိုရင္ေတာ့ စဥ္းစားစရာျဖစ္လာပါၿပီ။

Trend အေပၚမွာ အရင္းတည္ၿပီး ေၾကာ္ျငာကိုဖန္တီးလိုက္တဲ့ အခါ စီးပြားေရးလုပ္ငန္း အေပၚမွာ ေကာင္းက်ိဳးလည္းျဖစ္ေစႏိုင္သလို၊ ဆိုးက်ိဳးလည္း ျဖစ္ေစႏိုင္ပါတယ္။

ေကာင္းက်ိဳးခံစားရမယ္ဆိုရင္ေတာ့ သင့္ စီးပြားေရးလုပ္ငန္းရဲ႕ အမွတ္တံဆိပ္ဟာ ေတြ႔ျမင္လိုက္သူေတြရဲ႕ စိတ္ထဲမွာ ေကာင္းေသာအျမင္ပံုစံနဲ႔ သတိထား မွတ္္မိသြားေစမွာျဖစ္ၿပီး ဆိုးက်ိဳးျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ ဆန္႔က်င္ဖက္ရလဒ္အျဖစ္ လူအမ်ားရဲ႕ စိတ္ထဲမွာ ကိုယ့္ အမွတ္တံဆိပ္ပံုရိပ္ က်ဆင္းသြားႏိုင္ရံုသာမက မူပိုင္ခြင့္ ျပႆနာေတြပါ ျဖစ္ေပၚလာႏိုင္ပါတယ္။

ဒါဆို ေၾကာ္ျငာကို မဖန္တီးခင္ ဘယ္လိုအခ်က္ေတြက ဆိုးက်ိဳးေတြကိုေရွာင္ရွားၿပီး ေကာင္းက်ိဳးေတြျဖစ္လာေစႏိုင္လဲ ဆန္းစစ္ ၾကည့္လိုက္ရေအာင္ …

ပထမဆံုး နဲ႔ အေရးႀကီးဆံုးအခ်က္ကေတာ့ Trend ျဖစ္တည္ရာ အရင္းအျမစ္ကို ေလ့လာၾကည့္သင့္ပါတယ္။

Trend ျဖစ္တည္ရာအရင္းအျမစ္ကို သိမွသာ ျပန္လည္အသံုးျပဳခြင့္ရွိ၊ မရွိ ႏွင့္ သင့္ စီးပြားေရးလုပ္ငန္းအတြက္ ကိုက္ညီမႈရွိ၊ မရွိတို႔ကို ဆန္းစစ္ ဆံုးျဖတ္ႏိုင္မွာပါ။

ျဖစ္တည္ရာ အရင္းအျမစ္ကို သိ႐ံုနဲ႔ မလံုေလာက္ေသးပါဘူး။ Trend ရဲ႕ ရည္ရြယ္ခ်က္နဲ႔ ပါဝင္တဲ့ အေၾကာင္းအရာေတြကိုလည္း ခြဲျခမ္းစိတ္ျဖာၾကည့္ဖို႔ လိုအပ္ပါတယ္။

အေပၚက အခ်က္ေတြအားလံုးအဆင္ေျပတယ္ဆို Trend ကို ဘယ္လို အသံုးခ်မလဲစဥ္းစားဖို႔ လိုအပ္လာပါၿပီ။ အသံုးျပဳတဲ့ အခါမွာလည္း တိုက္ရိုက္သေဘာမ်ိဳးမဟုတ္ပဲ သင့္ စီးပြားေရးလုပ္ငန္းရဲ႕ အမွတ္တံဆိပ္ နဲ႔ သင့္ေလ်ာ္မယ့္ ပံုစံမ်ိဳးနဲ႔ ေျပာင္းလဲ အသံုးျပဳတာကအေကာင္းဆံုးျဖစ္မွာပါ။ ဒါမွသာ က်င့္ဝတ္မွန္ကန္စြာနဲ႔ သင့္ စီးပြားေရးလုပ္ငန္းရဲ႕ အမွတ္တံဆိပ္က လူအမ်ားစိတ္ထဲမွာ ေနရာယူလာႏိုင္မွာျဖစ္ပါတယ္။

အမ်ားအားျဖင့္ အမွတ္တံဆိပ္ေတြအေနနဲ႔ Trend နဲ႔ ပတ္သတ္ၿပီး သတိျပဳသင့္တဲ့ အခ်က္ေတြကေတာ့ သီခ်င္းစာသား၊ ကဗ်ာစာသား၊ စာေပ အစရွိတဲ့ မူပိုင္ခြင့္ရွိေနတဲ့ အေၾကာင္းအရာေတြ၊ အဓိပၸာယ္ ၂ ခြျဖစ္ေစတဲ့ အေၾကာင္းအရာေတြ၊ တစ္စံုတစ္ေယာက္ကို ထိခိုက္ေစမယ့္အေၾကာင္းအရာေတြကို သတိထားသင့္ပါတယ္။

ဒီအခ်က္ေတြကို Agency ေတြသာမက Marketing နယ္ပယ္အတြင္းမွာ ရွိတဲ့သူေတြအားလံုး လိုက္နာ ႏိုင္မယ္ဆိုရင္ေတာ့ ေၾကာ္ျငာတစ္ခုခ်င္းစီ က ေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားလာမွာ အေသအခ်ာပါပဲ။

[Unicode]

ဆိုရှယ်မီဒီယာခေတ်ရေစီးကြောင်း — စုန်ရေ (သို့) ဆန်ရေ

ယနေ့ခေတ် Social Media တွေပေါ်မှာ Trend တွေ တစ်ခုပြီး တစ်ခု အဆက်မပြတ်ဖြစ်နေသလို ဒီစကားလုံးကလည်း လူတိုင်းနဲ့ မစိမ်းတော့ပါဘူး။ Trend ဆိုတာကတော့ မတော်တဆပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် မည်သည့်နေရာကမဆို ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို အချိန်တိုအတွင်း လူအများက ကြိုက်နှစ်သက်ပြီး ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုရာမှဖြစ်ပေါ်လာပါတယ်။ Trend တစ်ခုပေါ်လာတဲ့ အခါ လိုက်လုပ်ကြတဲ့သူတွေရှိသလို၊ လိုက်လုပ်ကြတဲ့ သူတွေကြောင့်လည်း Trend ဆိုပြီး ဖြစ်လာတာပါ။

သာမန်လူတွေအတွက် Trend တွေကိုလိုက်လုပ်တာက ပြဿနာမရှိပေမယ့် Agency တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ကြော်ငြာ ကဏ္ဍ မှာ အသုံးပြုမယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာပါပြီ။

Trend အပေါ်မှာ အရင်းတည်ပြီး ကြော်ငြာကိုဖန်တီးလိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်း အပေါ်မှာ ကောင်းကျိုးလည်းဖြစ်စေနိုင်သလို၊ ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။

ကောင်းကျိုးခံစားရမယ်ဆိုရင်တော့ သင့် စီးပွားရေးလုပ်ငန်းရဲ့ အမှတ်တံဆိပ်ဟာ တွေ့မြင်လိုက်သူတွေရဲ့ စိတ်ထဲမှာ ကောင်းသောအမြင်ပုံစံနဲ့ သတိထား မှတ်မိသွားစေမှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာခဲ့မယ်ဆိုရင်တော့ ဆန့်ကျင်ဖက်ရလဒ်အဖြစ် လူအများရဲ့ စိတ်ထဲမှာ ကိုယ့် အမှတ်တံဆိပ်ပုံရိပ် ကျဆင်းသွားနိုင်ရုံသာမက မူပိုင်ခွင့် ပြဿနာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါဆို ကြော်ငြာကို မဖန်တီးခင် ဘယ်လိုအချက်တွေက ဆိုးကျိုးတွေကိုရှောင်ရှားပြီး ကောင်းကျိုးတွေဖြစ်လာစေနိုင်လဲ ဆန်းစစ် ကြည့်လိုက်ရအောင် …

ပထမဆုံး နဲ့ အရေးကြီးဆုံးအချက်ကတော့ Trend ဖြစ်တည်ရာ အရင်းအမြစ်ကို လေ့လာကြည့်သင့်ပါတယ်။

Trend ဖြစ်တည်ရာအရင်းအမြစ်ကို သိမှသာ ပြန်လည်အသုံးပြုခွင့်ရှိ၊ မရှိ နှင့် သင့် စီးပွားရေးလုပ်ငန်းအတွက် ကိုက်ညီမှုရှိ၊ မရှိတို့ကို ဆန်းစစ် ဆုံးဖြတ်နိုင်မှာပါ။

ဖြစ်တည်ရာ အရင်းအမြစ်ကို သိရုံနဲ့ မလုံလောက်သေးပါဘူး။ Trend ရဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်တဲ့ အကြောင်းအရာတွေကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်ပါတယ်။

အပေါ်က အချက်တွေအားလုံးအဆင်ပြေတယ်ဆို Trend ကို ဘယ်လို အသုံးချမလဲစဉ်းစားဖို့ လိုအပ်လာပါပြီ။ အသုံးပြုတဲ့ အခါမှာလည်း တိုက်ရိုက်သဘောမျိုးမဟုတ်ပဲ သင့် စီးပွားရေးလုပ်ငန်းရဲ့ အမှတ်တံဆိပ် နဲ့ သင့်လျော်မယ့် ပုံစံမျိုးနဲ့ ပြောင်းလဲ အသုံးပြုတာကအကောင်းဆုံးဖြစ်မှာပါ။ ဒါမှသာ ကျင့်ဝတ်မှန်ကန်စွာနဲ့ သင့် စီးပွားရေးလုပ်ငန်းရဲ့ အမှတ်တံဆိပ်က လူအများစိတ်ထဲမှာ နေရာယူလာနိုင်မှာဖြစ်ပါတယ်။

အများအားဖြင့် အမှတ်တံဆိပ်တွေအနေနဲ့ Trend နဲ့ ပတ်သတ်ပြီး သတိပြုသင့်တဲ့ အချက်တွေကတော့ သီချင်းစာသား၊ ကဗျာစာသား၊ စာပေ အစရှိတဲ့ မူပိုင်ခွင့်ရှိနေတဲ့ အကြောင်းအရာတွေ၊ အဓိပ္ပာယ် ၂ ခွဖြစ်စေတဲ့ အကြောင်းအရာတွေ၊ တစ်စုံတစ်ယောက်ကို ထိခိုက်စေမယ့်အကြောင်းအရာတွေကို သတိထားသင့်ပါတယ်။

ဒီအချက်တွေကို Agency တွေသာမက Marketing နယ်ပယ်အတွင်းမှာ ရှိတဲ့သူတွေအားလုံး လိုက်နာ နိုင်မယ်ဆိုရင်တော့ ကြော်ငြာတစ်ခုချင်းစီ က အောင်မြင်ဖို့ ရာခိုင်နှုန်းပိုများလာမှာ အသေအချာပါပဲ။

--

--

The Blink Agency

Blink is a team of digital strategists, marketers, designers, producers and IT experts who share an unrelenting drive to meet your marketing needs. blink.com.mm